Friday, August 7, 2009

Don’t laugh at a killer clown .. Episode 1



ချွေးများ ရွှဲနစ်လျက် ကျွန်တော် ရုတ်တရက် အိပ်ရာမှနိုးသွားသည်။ ဓားတစ်ချောင်းက


ကျွန်တော့်ဦးခေါင်းအထက် လေထဲတွင် လွှဲခုတ်နေသည်။


မနှစ်မြို့ဖွယ်ကောင်းသော ရယ်မောသံက ကျွန်တော့်နားထဲတွင် ပဲ့တင်ထပ်နေသည်။


အနီရောင်ကိုယ်လုံးတစ်ခုက ကျွန်တော် ထိတ်လန့်နေသည်ကို သဘောကျနေသည်။ ကျွန်တော် အော်ဟစ်ဖို့


ကြိုးစားသည်။ သို့သော် ကျွန်တော်လည်ချောင်းက တင်းကြပ်၍ ပိတ်နေသည်။ ခေါင်းအုံးကို


ကျွန်တော်မျက်နှာပေါ် ဆွဲအုပ်လိုက်သည်။ ခြေထောက်နှစ်ဖက်ဖြင့် ကျွန်တော် အကြောက်အကန်


ကန်ကျောက်သည်။


`ချလွမ်´


ကျွန်တော့် နှိုးစက်နာရီ ကြမ်းပြင်ပေါ်ကျသွားသည်။ ကျွန်တော် အိပ်ရာထက်တွင် ရှိနေပြီး..


ဤမကောင်းဆိုးဝါးနီနီ အရာကလေးက ကျွန်တော်ကို သတ်ဖြတ်ရန် ကြိုးစားနေသည်။ ထို့နောက်တွင်


ထိုအိပ်မက်ကို ကျွန်တော် အမြဲမက်မက်နေတတ်သည်။



ကျွန်တော် ထထိုင်လိုက်ပြီး မျက်နှာမှ ချွေးများကို သုတ်ပစ်ကာ မီးဖွင့်လိုက်သည်။ အခန်းထဲကို


ကျွန်တော် လှည့်ပတ်ကြည့်သည်။ အနေအထား ပုံမှန်အတိုင်း ရှိနေသည်။ အခန်းထဲတွင် ကျွန်တော်မှလွဲ၍


မည်သူမှ မရှိပါ။ အနီရောင်ကိုယ်လုံးရှိသော လူသတ်သမားလည်း မရှိပါ။ လွှဲခုတ်နေသော ဓားလည်း


မရှိပါ။ ဘာမှ မရှိပါ။



ထို့ကြောင့် ကျွန်တော် ဘာအိပ်မက်တွေ မက်နေတာလဲ။


သင်တို့ကို ကျွန်တော် ပြောပြပါမည်။ ကျွန်တော်မွေးနေ့ အတွက် တစ်စုံတစ်ယောက် ပို့ပေးလိုက်သော


ထူးဆန်းသည့် အနီရောင် အရုပ်ကလေးအကြောင်း မက်ခြင်းပင် ဖြစ်သည်။ ထိုအရုပ်သည် အန္တရာယ်မရှိသော


ကစားစရာအရုပ် ဖြစ်သည်ဟု သင်ထင်လျှင် ထပ်စဉ်းစားလိုက်ပါဦး။ အရမ်းထူးဆန်းပြီး အန္တရာယ်


ရှိသော လူရွှင်တော်ရုပ်တစ်ရုပ်ကို ကျွန်တော်တွေ့ကတည်းက သူ့ကို ကြောက်မိနေသည်။


ကျွန်တော်နာမည်က Chan ပါ ကျွန်တော်သည် ၁၀နှစ် အရွယ်ရှိသော အခြားကောင်လေးများကဲ့သို့သာ


ဖြစ်ပါသည်။ တစ္ဆေပုံပြင်များကို ကျွန်တော်ဖတ်ချင်ပါသည်။ သို့သော် တကယ့်သရဲအစစ်ကိုတော့


ကျွန်တော်ဘယ်တော့မှ မတွေ့ချင်ပါ။ အစားအစာများကို ကျွန်တော် သဘောကျသည်။ ဆရာများ ဆူပူမည်ကို


ကျွန်တော် မုန်းသည်။ ပြီးတော့ ကျွန်တော် အမြဲတမ်း ပိုက်ဆံပြတ်နေတတ်သည်။ သို့သော်


မည်သည့်အရာက ကျွန်တော့်ကို ထိုမျှ ကြောက်လန့်စေသနည်း။




၎င်းတို့အားလုံးက ကျွန်တော် ၁၀နှစ်မြောက်မွေးနေ့အပြီး နောက်တစ်နေ့တွင် ဖြစ်ခဲ့သည်။


တစ်စုံတစ်ရာ ပြုတ်ကျသကဲ့သို့ ကျယ်လောင်သော အသံတသံကို ကျွန်တော် ကြားလိုက်ရသောကြောင့်


မနက်စောစောအချိန်တွင် အိမ်ရှေ့တံခါးကို ကျွန်တော်ဖွင့်လိုက်သည်။ အပြင်ဘက်တွင် ကြီးမားသော


ပါဆယ်အထုပ်ကြီးတစ်ထုပ် ရှိနေသည်။ ကျွန်တော် လှည့်ပတ်ကြည့်လိုက်သည်။ ဘယ်သူကိုမှ မမြင်ရပါ။


ထိုကဲ့သို့ ကြီးမားလှသော လက်ဆောင်ကို မည်သူပေးမည်နည်းဟု စဉ်းစားလျက် ထိုအထုပ်ကြီးကို


အိမ်ထဲသို့ ကျွန်တော် သယ်လာသည်။




ကျွန်တော်မိဘများ အိပ်နေကြသည်။ ထို့ကြောင့် ပါဆယ်ထုပ်ကို ကျွန်တော့် အခန်းထဲသို့ ယူသွားပြီး


ဖွင့်ကြည့်လိုက်သည်။ ဘူးထဲတွင် အမည်မပါသော စာအိတ်တစ်အိတ်ရှိပြီး ၄င်းအတွင်း


လူရွှင်တော်နှင့်တူသော ရုပ်သေးရုပ်ကြီး တစ်ရုပ်ရှိနေသည်။ ၄င်းက အနီရောင် ရုပ်သေးရုပ်


ဝတ်စုံကို ၀တ်ထားပြီး လူရွှင်တော် ဦးထုပ်တစ်လုံးကို ဆောင်းထားသည်။ ၄င်းတွင် ကြီးမားသော


အနီရောင်လူရွှင်တော် နှာခေါင်းကြီးရှိသည်။ ကျွန်တော် မရယ်ဘဲ မနေနိုင်ပါ။ အရုပ်က တကယ့်ကို


ရယ်စရာကောင်းနေသည်။



အရုပ်ကို ကျွန်တော် လျှို့ဝှက်ထားရန် ဆုံးဖြတ်လိုက်သည်။ အရုပ်နှင့် ပတ်သတ်၍ မေမေ တစ်ခုခု


တွေ့မြင်သွားမည်ကို ကျွန်တော် မလိုချင်ပါ။ သူတွေ့သွားလျှင် အရုပ်ကို ကျွန်တော် ယူထားခွင့်


ပြုမည် မဟုတ်သည်ကို ကျွန်တော် သိသည်။ လူကြီးများ မည်သို့ လုပ်တတ်ကြသည်ကို သင် သိပါလိမ့်မည်။


အရုပ်ကြောင့် ကျွန်တော် စာကြည့်ပျက်မည်ဟု သူ ထင်ပေလိမ့်မည်။ ကျွန်တော် ငြင်းဆန်လျှင်


ရက်သတ္တပတ်ပေါင်းများစွာ ကျွန်တော် မပြင်ထွက် ကစားရတော့မည် မဟုတ်ပါ။


ထိုနေ့နောက်ပိုင်း၌ ကျွန်တော့် သူငယ်ချင်းများဖြစ်ကြသော Gitz , Juliet နှင့် Carho တို့ကို ကုန်တိုက်၌ ကျွန်တော် တွေ့သည်။ Gitz က ကြံ့ခိုင်သူဖြစ်သည်။ အလွန်သန်စွမ်းပြီး ဘာကိုမှ မကြောက်ပေ။ Juliyan ကတော့ တော်သည်။ ပိန်ပါးပြီး မျက်မှန်ဝတ်ထားသည်။ ၄င်းနောက် ကျောင်းတွင် အလှဆုံးကောင်မလေး တစ်ယောက်ရှိသည်။ သူမက ဂျပန်မလေးဖြစ်ပြီး သူမနာမည်က Carho ဖြစ်သည်။

ကျွန်တော်တို့ နေ့လည်စာ စားကြသောအခါ လျှို့ဝှက်ဆန်းကြယ်သော ပါဆယ်အထုပ်အကြောင်း သူတို့ကို ကျွန်တော် ပြောပြသည်။

´ပြန်ပို့လိုက်ပါ´ Carho ကပြောလာသည်။ ´ငါကတော့ ငါမသိတဲ့လူတွေဆီက လက်ဆောင်ပစ္စည်းတွေကို မလိုချင်ဘူး´
´ဒါပေမဲ့ ပြန်ပို့ပေးဖို့ နာမည်မရှိဘူး´ ကျွန်တော်က အတိုက်အခံ ပြောသည်။

Gitz က ပြုံးပြီး ဟန်ဘာဂါ စားနေသည်။ ´ဒါကို ယူထားလိုက်ပါ´
´အဲ့ဒါ ဘယ်သူဆီက ဆိုတာကို မင်းမသိရင် အဲ့ဒါ မင်းကိုပေးတာ ဟုတ်ချင်မှဟုတ်လိမ့်မယ်´ Juliet က သူ့မျက်မှန်ကို နေရာတကျ လုပ်နေသည်။ မျက်မှန်က သူ့နှာခေါင်းအတွက် အလွန်ကြီးလွန်းနေသည်။ ´အဲ့ဒါ အန္တရာယ်ကောင် ဖြစ်နိုင်တယ်´

´အန္တရာယ်လား´ Gitz က ဟန်ဘာဂါကို နောက်ထပ် တစ်ကိုက် ထပ်ကိုက်လိုက်ရင်း ရယ်မောပြောသည်။ ´ရုပ်သေးရုပ်တစ်ရုပ်က ဘယ်လိုလုပ် အန္တရာယ်ရှိနိုင်မှာလဲ။ ငါဆိုလိုတာက အဲ့ဒါ လူရွှင်တော် အရုပ်ပဲ မဟုတ်လား´

ဤသို့ဖြင့် နေ့လည်စာ စားပြီးပါက အရုပ်ကို သူတို့ကိုယ်တိုင်လာကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ ကျွန်တော့်အခန်းဆီသို့ သူတို့ ရောက်လာကြသောအခါ ကျွန်တော်က ပါဆယ်ထုပ်ကို ၀ှက်ထားသော အ၀တ်ဗီရိုထဲမှ ထုတ်ယူလိုက်သည်။ ထိုအခါ ကျွန်တော် အော်ဟစ်လုမတတ် ဖြစ်သွားသည်။

ဘူးထဲတွင် ဘာမှမရှိတော့ပါ။

Gitz က ၄င်းအထဲကို ကြည့်ပြီးမှ ခုန်တွန်းလိုက်သည်။ ´အင်း ဒါမင်းပြဿနာကို ဖြေရှင်းပေးလိုက်တာပေါ့´ သူက ပြောသည်။ ´အရုပ် မရှိတော့ဘူး´

´မဟုတ်ဘူး သူရှိတယ်´ Carho က ထိတ်လန့်မှုကြောင့် မျက်လုံးပြူးလျက် တီးတိုးပြောသည်။
သူမ လက်ညှိုးကို ထိုးပြလိုက်သည်။

ကျွန်တော့်အ၀တ်ဗီရိုပေါ်တွင် လူရွှင်တော်အရုပ် ထိုင်နေသည်။ သူ၏ မျက်နှာပေါ်တွင် အလွန်ထူးဆန်းသော အကြည့်ရှိနေသည်။

------------>>>>>> EnD oF ePiSoDe 1



(မှတ်ချက် ။ ။ Mr.Midnight ရေးသားတဲ့ Don’t laugh at a Killer Crown ကို ဘာသာပြန်ဆိုထားခြင်းမှ


ကူးယူဖော်ပြခြင်းဖြစ်ပါတယ် .. ကိုးရီးယားကားလို အပိုင်းတွေနဲ့ ဖြစ်တာမို့ အဲ့အတိုင်းပဲ


ရေးသွားမယ်လို့ စိတ်ကူးထားတယ်လေ .. ဟိဟိ .. စောင့်ပြီးဖတ်ပေးကြနော် .. )

0 comments on "Don’t laugh at a killer clown .. Episode 1"

Post a Comment

လိုအပ်တာရှိရင်ပြောခဲ့နိုင်ပါတယ်

 

Frozen Princesslay Copyright 2008 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez