Sunday, August 9, 2009

Conversation of body pieces


တိတ်ဆိတ်နေတဲ့ အခန်းငယ်လေးထဲမှာ. . . နက်ရှိုင်းတဲ့ နေရာကလာနေတဲ့ ရှိုက်သံလေးတစ်သံ

သဲ့သဲ့ကြားနေရတယ်. . . . . .

Brain : ဟေ့ ဘယ်သူပါလိမ့် ငိုနေတာ. . . သြော် Heart ကိုး။ ဘာဖြစ်ရပြန်တာလဲ????


Heart : နာကျင်လွန်းလို့ပါ . . .


Eye : နင်နာကျင်တာကို သက်သာအောင် ပေါက်ကွဲပေးရလွန်းလို့ ငါ့မှာ မျက်ရည်မကျန်တော့ဘူး . . .

အင်း ငါ မြင်တာတွေ မှားချင်မှားနေမှာပါ. . . ။


Ear : အင်း . . . မငိုပါနဲ့တော့. . . ငါကြားတာတွေကလည်း မှားချင်မှားနေမှာပါ . .


Heart : ငါလေ အကြိမ်ကြိမ် နာကျင်ခဲ့ရတာ . . . နှစ်ပေါင်းများစွာ . . . ချစ်ခင် နားလည်ပေးခဲ့

အရှုံးပေးခဲ့


ခွင့်လွှတ်ခဲ့ပြီး မျှော်လင့်ခြင်း


တွေကို သံယောဇဉ်တွေနဲ့ တည်ပြီး နာကျင်မှုတွေကို မေ့ထားနိုင်ဖို့


အရမ်းကို ကြိုးစားခဲ့တာ. . . သူအသိဆုံးပါ. . . ။


Brain : ငါပြောမယ် . . .မေ့လိုက်တော့ . . ဒါနင့်အတွက် အကောင်းဆုံးပဲ . . ။


Lips : ငါပြောလိုက်ရမလား (Heart ထံမှ အဖြေ စကားပြန်ကို မကြားရသဖြင့် ဘာမှ မပြောတော့ဘဲ

တင်းတင်းစေ့ပြီး ငြိမ်သက်နေသည်)


Brain : ဟာ. . ဒီအတိုင်း ဘာမှ မပြောဘဲ နေလို့ လုံးဝမဖြစ်ဘူး။ Hand … Email ပို့လိုက်စမ်းပါကွာ.

. .။

အားရပါးရ ပြောပစ်လိုက်. . . ။


Hands : OK ! (သူက gmail ဖွင့်ပြီးစာရိုက်လိုက်တယ်. . . ပြီးခါနီးမှာ. . . )


Heart : မလုပ်ပါနဲ့ ငါ သေသွားလိုက်မယ်. . . ။


Brain : အိုး ငါရှိတာပဲ. . .။


Heart : ဒါပေမယ့် . . .ဒါပေမယ့် . . .Heart ခမျာ ပြောမထွက်နိုင်အောင် အသံတိမ်ဝင်သွားခဲ့တဲ့

နောက်မှာ. . . ။


ဘာမှ မပြောဘဲ ငြိမ်ပြီးနားထောင်နေခဲ့တဲ့ Nose ဆီက သက်ပျင်းချသံသဲ့သဲ့နဲ့အတူ Hand ဟာ

သူရိုက်ထားတဲ့ Mail ကို save လုပ်လိုက်တယ်. . . ။Eye က မျက်လွှာနှစ်ခုကို ဖိမှိတ်လိုက်၇င်း

ဝေ့သီနေတဲ့ မျက်ရည်စလေးတွေကို ချွေချလိုက်တဲ့နောက် . . . အခန်းလေးဟာလည်း ဘာသံမှ မကြားအောင်

ဆိတ်ငြိမ်သွားခဲ့ပါတယ်. . . ။



(a blogpost from chitthu.ning.com)

0 comments on "Conversation of body pieces"

Post a Comment

လိုအပ်တာရှိရင်ပြောခဲ့နိုင်ပါတယ်

 

Frozen Princesslay Copyright 2008 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez