Sunday, August 9, 2009

own tune လို့ပြောရင် ယုံပမလား မသိ .. ဟိဟိ



လှောင်အိမ်ထဲက .. ငှက်လေးတကောင် ..


အိမ်မက်တွေအပြည့်နဲ့ .. တံခါးဝလေးပွင့်မဲ့ရက်ကို .. အမြဲတမ်းစောင့်မျှော်နေတတ်တယ် ..


တံခါးလေးပွင့်သွားတဲ့အခါ ..


ဘယ်တော့မှ ပြန်မလာနိုင်မဲ့ .. ဘယ်သူမှလည်း လိုက်မလာနိုင်မဲ့ နေရာကို .. ပျံသန်းသွားမှာပေါ့ ..


မျှော်လင့်ချက်တွေနဲ့ ငါ ..


အဲ့ဒီနေရာလေးကို ရောက်ဖို့ .. ဇာတ်ညွှန်းရေးနေတာ ..


အားလုံးက အံ့အားသင့်ကြတယ်တဲ့ ..


ဘယ်သူမှ မသွားချင်တဲ့ နေရာကိုး ..


ဒါပေမဲ့ .. ငါသွားချင်တယ်လေ ..


ဘာဖြစ်လို့လဲ ဆိုတော့ ..


ငါ့အသက်ထက် ချစ်ခဲ့ရတဲ့ မင်းရဲ့အနားကို .. အမြန်ဆုံးရောက်ဖို့ ..


အဲ့ဒီနေရာလေးမှာပဲ .. မှတ်တိုင်ရှိမယ် .. ထင်လို့ပါ .. .. ..



0 comments on "own tune လို့ပြောရင် ယုံပမလား မသိ .. ဟိဟိ"

Post a Comment

လိုအပ်တာရှိရင်ပြောခဲ့နိုင်ပါတယ်

 

Frozen Princesslay Copyright 2008 All Rights Reserved Baby Blog Designed by Ipiet | All Image Presented by Tadpole's Notez